Nargis Cyclone pics

Your Ad Here

MTV's message for Burma.



June 19, 2008

ဒီချုပ် ရုံးအတွင်း ကြံ့ဖွံ့များ ဝင်ပြီး လူ ၄ ဦး ဖမ်းဆီး

..ကြာသပတေးနေ့၊ ဇွန်လ 19 2008 13:03 - မြန်မာစံတော်ချိန် new from : Mizzimaburmese
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၃ နှစ်မြောက် မွေးနေ့ အခမ်းအနား ကျင်းပမည့် ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ အဖွဲ့ချုပ်ရုံးအတွင်း ကြံ့ဖွံ့များ ဝင်ရောက်စီးနင်းကာ သံဃာနှင့် လူပုဂ္ဂိုလ် ၄ ဦးကို ဖမ်းဆီးသွားသည်။ ပြီးခဲ့သည့် နာရီပိုင်းက စွမ်းအားရှင်များသည် တားဆီးနေသည့် ကြားကပင် အခမ်းအနား ကျင်းပမည့် အချိန်ကို စောင့်ဆိုင်းနေသည့် အဖွဲ့ချုပ်ဝင် ၇ဝဝ ခန့်ရှိရာ ရုံးဝင်းအတွင်း ဝင်ရောက်ကာ အခမ်းအနား တက်ရောက်သူများထဲက သံဃာတော်တပါးနှင့် လူ ၃ ဦးကို ဖမ်းဆီးသွားခြင်း ဖြစ်သည်။“ဆွမ်းလောင်းပြီးတော့ ငှက်တွေ လွှတ်တယ်။ လူတွေက အော်တာပေါ့။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေလို့။ အဲဒါ စွမ်းအားရှင်တွေ ရောက်လာတယ်။ ၄ ယောက်လောက်တော့ ပါသွားတယ်။ ဦးထွန်းမြင့်၊ ဘုန်းဘုန်းတပါးရယ်၊ နောက် ၂ ယောက်ရယ်” ဟု အဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောသည်။ အဖွဲ့ချုပ် လူငယ်တဦးက “လုံခြုံရေး ချထားတယ်။ ဝင်ဖမ်းမှာ စိုးလို့။ ဝင်ဖမ်းတာဗျ။ စွမ်းအားရှင်ကားတွေနဲ့ ရုံးအရှေ့မှာ ရပ်လိုက်ပြီးတော့ ဝင်ဖမ်းတယ်။ အခု အရင်နေတဲ့ ရွှေတိဂုံဘုရားဘက်ကို သွားတဲ့ကွေ့မှာ ပြန်ရပ်နေတယ်။ ထောက်လှမ်းရေးတွေလည်း သူ့နေရာမှ ပြန်နေနေ ကြတယ်” ဟု ပြောသည်။ ရုံးအနီးတွင် လက်နက်ကိုင် လုံထိန်းတပ်သား၊ ရဲနှင့် ကြံ့ဖွံ့ စုစုပေါင်း ဦးရေ ၁ဝဝဝ ခန့် လုံခြုံရေး ချထားသည်။“အားလုံးပေါင်း ၁ ထောင်လောက် ရှိတယ်။ ဒိုင်နာတွေနဲ့ဆို ၅-၇ ကားရှိတယ်။ ရဲကားတွေလည်း အများကြီး” ဟု အဖွဲ့ချုပ် လူငယ်က ပြောသည်။ ဦးဉာဏ်ဝင်းကလည်း “မနက်က ဆွမ်းလောင်းပါတယ်။ သံဃာတွေရော၊ မယ်သီလရှင်တွေရော ဆွမ်းလောင်းပါတယ်။ ရုံးပတ်ဝန်းကျင်မှာတော့ လုံခြုံရေး အကြီးအကျယ် ချထားပါတယ်။ လက်နက်ကိုင် လုံထိန်းကား ၄-၅-၆ စီး ရှိတယ်။ အရပ်ဝတ်နဲ့ လူတွေလည်း အများကြီး ချထား ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။နံနက်ပိုင်းတွင် သံဃာနှင့် သီလရှင် ၂ဝဝ ကျော်ကို ဆွမ်းကပ် လှူပြီးကတည်းက အာဏာပိုင်များနှင့် အန်အယ်ဒီ အဖွဲ့ဝင်များအကြား ထိပ်တိုက် တွေ့မှုများဖြစ်နေပြီး ယခု သတင်းပေးပို့ချိန်အထိ အဖွဲ့ရုံးကို ယာယီ ပိတ်ထားရသည်။ အဖွဲ့ချုပ် လူငယ်တဦးက “အခု ရုံးတွေပိတ်ထားရတယ်။ ခဏ။ ဆွမ်းကျွေးဖို့ ရှိတယ်။ ဘုန်းဘုန်းတွေကို အင်္ဂါနေ့တိုင်း ဆွမ်းလောင်းတာတွေ ဘာတွေ လုပ်ပြီးသွားပြီ။ ဆွမ်းကျွေးမလို့၊ မကျွေးရသေးဘူး” ဟု မဇ္ဈိမကို ပြောသည်။ မဇ္ဈိမက နောက်ဆုံး ဆက်သွယ်သည့် မြန်မာစံတော်ချိန် ၁၂ နာရီခွဲအထိ အာဏာပိုင်များနှင့် အန်အယ်ဒီ လူကြီးများ အကြားတွင် ညှိနှိုင်းနေဆဲ ဖြစ်သည်။မွေးနေ့ အထိမ်းအမှတ်အဖြစ် ၁ဝ နာရီခွဲ - ၁၁ နာရီခန့်တွင် သံဃာ ၅ ပါးကို နေ့ဆွမ်းကပ်ရန် ဖိတ်ကြားထားသော်လည်း အာဏာပိုင်များက တားမြစ်သဖြင့် မကြွရောက်နိုင်ဟု ဦးဉာဏ်ဝင်းက ပြောသည်။ ..

May 27, 2008

URGENT - Official: Suu Kyi's detention extended


May 27, 2008 4:23 AM
YANGON, Myanmar (AP) - Myanmar's military government has renewed the detention of pro-democracy leader Aung San Suu Kyi.
A government official said that Suu Kyi's detention was officially extended Tuesday afternoon. The official spoke on condition of anonymity because he is not authorized to speak to the media.
It was not immediately clear if the extension was for six months or one year. The extension became official when an official drove to her house to inform her of it, he said.
Suu Kyi has been in detention continuously since May 2003, most of the time under house arrest.
She has been confined without trial for more than 12 of the past 18 years.
AP-WS-05-27-08 0701EDT.. ..

ဒီနေ့  ဒေါ်အောင်ဆန်းစုကြည့်အိမ်ဆီသို့  ချီတက်ဆန္ဒပြကြတဲ့ NLD အမျိုးသမီးအဖွဲ့ နဲ့ လူငယ်တွေပါ။


















.. ..

ရွှေတိဂုံဘုရားရဲ့ မိုးဖျားကအရိပ်မဲ.. လာတော့မဲ့ မင်းပြောင်းမင်းလွဲ





..ရွှေတိဂုံဘုရားမှာ အရိပ်ကြီးတွေပေါ်နေတယ်တဲ့ဗျာ။ ဒါ မင်းပြောင်းလွဲမဲ့တဘောင်ပါ။
ပေးပို့ သူ ဂျွန်မိုးအားကျေးဇုးပါ။

ဒေါ်စုကိုပြောပေးပါ

.. ဒေါ်စုကိုပြောပေးပါ။ ဂန်တီဟာ အင်္ဂလိပ်လက်အောက်မှာ အနုနည်းကို သုံးခဲ့တာပါ။ ဖက်ဆက်တွေရဲ့လက်အောက်မှာ တော်လှန်ခဲ့တာမဟုတ်ဘူး။ နာဇီတွေရှေ့ဒါမျိုးသွားလုပ်ရင် နေ၀င်ချိန်တောင်မီမှာ မဟုတ်ဘူး။ လူထုကို ပြတ်ပြတ်သားသား ဦးဆောင်ပါ။ ထိုင်းနိုင်ငံ ဒီမိုကရေစီရတာ ကျောင်းသားပြည်သူတွေရဲ့သွေးနဲ့ပါ အလားကားနေရင်းနဲ့ ရလာတာမဟုတ်ဘူး။ ပြည်သူတွေကြားမှာ ဆုတွေကိုပိုက်ပြီး သိပ်ခါတွေတက်နေ တာထက်ဆိုင်ရင် ဗိုလ်ချုပ်ခြေရာနင်းပြီး ရတဲ့ဘက်ကနေ ရသလိုအခွင့်အရေးသုံးစေချင်တယ်။ ထိုင်စောင့်ပြီးတောင်းခံနေရင် ရမှာမဟုတ်တော့ဘူး။ ဘယ်အာဏာရူးအစိုးရကမှ အင်အားမရှိတဲ့ လူနဲ့ အချိန်ကုန်ခံပြီး ဆွေးနွေးမနေဘူး။ စဉ်းစားပါ အသင့်ရှိပါတယ်။ ပြတ်သားတဲ့ဦးဆောင်မှုသာ လိုအပ်ဆုံးဖြစ်နေတာပါ။
လက်နက်ကိုင်တော်လှန်ဖို့အတွက်ကို အကျွန်ုပ်သည် လုံးဝအားပေးလိုစိတ်မရှိရိုးအမှန်ပါ။ အခြေအနေက စကားပြောလာလျှင်တော့ လုပ်ရပါမည်။ သို့သော်နှလုံးသွင်းရသည်မှာ တောတွေထဲမှ သွားပြီးတိုက်နေလို့ကတော့ ပြီးမှာမဟုတ်ဘူး။ ဘယ်စစ်ပွဲကိုပဲကြည့်ကြည့် မြို့သိမ်းတိုက်ပွဲဟာ အရေးအကြီးဆုံးပါ။ ရုရုမှအာဏာသိမ်းမှုကိုလေ့လာစေချင်သည်။ ယခုစစ်အစိုးရမှာ သွေးခွဲအုပ်ချုပ်မှုစနစ်ထက်ဆိုးသော ဖြတ်တောက်သောစနစ်ကို ကျင့်သုံးထားပါသည်။ အဖွဲ့အစည်းများအား များနိုင်သမျှများစေရန်နှင့် တစ်ဖွဲ့နှင့် တစ်ဖွဲ့လုံးဝ မထိတွေ့စေရန် အချို့သော အင်အားတောင့်တင်းမှုရှိသည့် အဖွဲ့အစည်းများကို မှုစင်ပြိုင်ဖွဲ့စည်းစေခြင်း။ မယုံလျှင်တိုင်းရင်းသားလက်နက်ကိုင်များကို ကြည့်ပါ။ မသိမသာလျှိတိုးသပ်ချိုနည်းများကို အထူးဂရုပြုကျင့်သုံးပါသည်။ သို့အတွက်ကြောင့် NLD အနေဖြင့် မိမိနှင့် ယှဉ်ပြိုင်မည့် စင်ပြိုင်နိုင်ငံရေး အဖွဲ့မပေါ်မီ ပြည်သူလူထုကို ယခုထက်များစွာ တပ်လန့်စေချင်ပါသည်။ ယခုရေးသားချက်များမှာ စေတနာအရင်းခံပြီးရေးသားခြင်းသာ ဖြစ်ပါသည်။ ကျွနုပ်သည် ပြည်သူပြည်သားပင် ဖြစ်ပါသည်။

Myanmar police detain Suu Kyi supporters

.. ရန်ကုန်မှာစတင်ပြီး ဆန္ဒ ပြနေပါပြီ။ ကမာအေးဘုရားလမ်းအတိုင်း ရွှေဂုံတိုင်ကနေ ချီတက်သွား ပါတယ်။ လူနှစ်ဆယ်နဲ့စတင်ပါတယ် လောက်ရှိပါတယ် ။ အခုဖြစ်ပါတယ် အခု အန်အယ်ဒီရုံးရှေ့မှာ လူငါးရာလောက်စုနေပါတယ် Internet တွေဖြတ်တော့မယ် လုံးဝလိုင်းမကောင်းဘူး
Myanmar police detain Suu Kyi supporters20 minutes agoYANGON, Myanmar (AP) — Police in Myanmar have detained more than a dozen members of Aung San Suu Kyi's opposition party.The members of Suu Kyi's National League for Democracy were marching Tuesday from the party's headquarters to her home when riot police shoved the group into a truck.It was not immediately clear where the truck was headed or exactly how many people were detained.Suu Kyi has been detained for more than 12 of the past 18 years, mostly under house arrest.Security was stepped up around Suu Kyi's home as the military junta faced a deadline to decide whether extend her current period of house arrest or release her.
..

May 26, 2008

Fire hits Myanmar embassy in Bangkok

.. BANGKOK, Thailand (AP) -- A fire destroyed a floor at Myanmar's embassy in the Thai capital on Monday.


Firefighters look on after a blaze at the main building of the Myanmar Embassy in Bangkok, Thailand, Monday.





Four fire engines rushed to the embassy as plumes of smoke rose from inside the walled compound, located in a busy business district of Bangkok. The blaze was put out in about one hour. No injuries were reported.
A fire brigade official, Anupon Saengdara, said the cause was not known. But a man at the embassy identifying himself only as a consular official said faulty wiring sparked the fire.
Pol. Lt. Thanapat Sirawong said the blaze engulfed the second floor of the embassy's main, colonial-style building, totally damaging the floor and sections of the roof.
The area outside the compound is the site of frequent but peaceful demonstrations by Myanmar activists against the military regime in their neighboring homeland.
The visa section of the embassy is located in the building that caught fire. In the last three weeks, aid workers and others often crowded into the section trying to obtain hard-to-get visas to isolationist Myanmar to help victims of a devastating cyclone...

May 25, 2008

မြန်မာနိုင်ငံတွက် မျှော်လင့်ချက် ရောင်ခြည်များ

.. ၂၃ရက် မေလ တွင် နအဖမှ နိုင်ငံခြားသား ကယ်ဆယ်ရေးအဖွဲ့ ဝင်အားလုံးအား မြန်မာပြည်ထဲ ၀င်ခွင့်ပေးရန် သဘောတူညီကြောင်း ဘန်ကီမွန်းမှ ထုတ်ပြန်ကြေငြာသည် [1] ။ ယူအန်အဖွဲ့ ဝင်များလာတိုင်း မျောက်ပြဆန်တောင်း လုပ်တတ်သော ၊ အရှက်မရှိ အတုအပများကို နေရာချထားတတ်သော နအဖမှ ထိုသို့သော် သဘောတူညီချက်ပေးလိုက်သည် ဆိုခြင်းမှာ သတင်းကောင်းဟု ခေါ်နိုင်သော်လည်း အလွန်တော့ ယုံရခက်ပါသည် ။ ရွှေဝါရောင်တော်လှန်ရေးအချိန်ကာလက ဂန်ဘာရီနှင့် နေပြည်တော်တွင် တွေ့ ဆုံဆွေးနွေးပွဲများလုပ်ခါ ဂန်ဘာရီကြီးအား နအဖမှ ဖလှဲတကင်း ပြုံးရွှင်နှုတ်ဆက်နေစဉ် ၊ ရန်ကုန်မြို့ နှင့် တခြားမြို့ များတွင် ဘုန်းကြီးများ ၊ ပြည်သူများကို ဖမ်းစီးခြင်းများ ၊ ဘုန်းကြီးကျောင်းများကို ၀င်ရောက်ရှာဖွေ ချိတ်ပိတ်ခြင်းများကို နောက်ကွယ်မှ အင်အားမြှင့်တင်ပြီး လုပ်ခဲ့ကြသည် ။ ထိုသို့ ယူအန်မှ အကြီးအကဲများကို သဘောတူညီချက် ကတိ စသည်တို့ကို ပြီးပြီးရောဆိုသလို မျက်နှာပြောင်တိုက်ပြီး ကောက်ကျစ်ယုတ်မာသော နအဖက ပေးခါ ၊ သူတို့ပြန်သွားချိန်တွင်တော့ မြန်မာနိုင်ငံကို ချယ်လှယ်ချင်သလို ချယ်လှယ်ခဲ့သည်မှာ အတိတ်တွင် မရေမတွက်နိုင်အောင် ဖြစ်ပျက်ခဲ့ဖူးပြီး ဖြစ်သည် ။ဘန်ကီမွန်း၏ နောက်ဆုံး ထုတ်ပြန်ကြေငြာချက်တွင် စစ်အစိုးရသည် နိုင်ငံတကာ၏ ပူးပေါင်းကယ်ဆယ်ရေးလုပ်ငန်းများကို လျောလျောရှူရှူ လက်ခံတော့မည်ဟု မျှော်လင့်မိကြောင်း ပြောကြားခဲ့သည် [1] ။ မြန်မာနိုင်ငံ အိမ်နီးချင်းနိုင်ငံများတွင် အသင့်စောင့်ဆိုင်းနေကြသော ကယ်ဆယ်ရေးအဖွဲ့ ဝင်များသည် နအဖမှ မီးစိမ်းပြသည်နှင့်တပြိုင်နက် ချက်ချင်းဝင်နိုင်ရင် အသင့်ပြင်ထားကြပြီးသား ဖြစ်ပေသည် ။ အကယ်၍ ဤစစ်အစိုးရသည် ဘန်ကီမွန်းပြောသလို တကယ်လက်ခံလိုစိတ်ရှိခဲ့သော် အဘယ်ကြောင့် ခုချိန်ထိ မြန်မာပြည်ထဲသို့ နိုင်ငံခြားကယ်ဆယ်ရေးအဖွဲ့ ဝင်များ အလုံးအရင်းနှင့် မ၀င်ရောက်နိုင်သေးသနည်း ။ “နိုင်ငံရေးပိုင်း ဆက်နွယ်မှုမရှိဘဲ ၊ ဘာမှ တန်ပြန်တောင်းဆိုမှုမရှိသော (no strings attached) ကယ်ဆယ်ရေးအဖွဲ့ ဝင်များအားလုံးကို ကြိုဆိုကြောင်း” သိန်းစိန်က ထုတ်ပြန်ကြေငြာခဲ့သည် [2] ။ ထိုသို့ဆိုလျှင် အဖွဲ့ အစည်းတိုင်းကို နိုင်ငံရေးဆက်နွယ်မှု ရှိမရှိ စသည်ဖြင့် အသေးစိတ် လိုက်လံစစ်ဆေးပြီးမှ လက်ခံမည်ဟူသော သဘောသက်ရောက်နေသည် ။ ထို့အပြင် မြန်မာရေပိုင်နက် အနီးတ၀ှက်တွင် အသင့်ရှိနေပြီဖြစ်သော စစ်သဘောင်္ စစ်လေယာဉ်များကို ၀င်ခွင့်မပေးနိုင်ပါဟုလည်း ပြောကြားခဲ့သည် ။ ထိုင်းနိုင်ငံရှိ Utapao air base တွင် အခြေစိုက် စောင့်ဆိုင်းနေသော အမေရိကန်လေတပ်မှ ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူက “မြန်မာဘက်က သူတို့ကို ပေးဝင်ချင်တဲ့အချိန်တိုင်း ၀င်ဖို့ အဆင်သင့်ဖြစ်နေပြီး ၊ သူတို့မှာ နိုင်ငံရေးပိုင်း ပတ်သက်လိုစိတ် လုံးဝမရှိကြောင်း ၊ လူသားချင်းစာနာထောက်ထားခါ အကူအညီများပေးနိုင်ရန် အခွင့်အရေးကိုသာ မျှော်လင့်မိကြောင်း” တောင်းပန်တိုးလျှိုးသော လေသံနှင့် ပြောတာ ဖတ်ရဖူးသည် ။ သို့ပါသော်လည်း သန်းရွှေနှင့် အပေါင်းပါများ၏ အသည်းနှလုံးများကတော့ သံ နှင့် ထု ထားသည် ထင်ရလောက်အောင် မာရည်ကျောရည် ရှိလှ၏ ။ အသည်းနှလုံး မရှိတော့ဖူးလားဟု ထင်ရလောက်အောင် ရက်စက်ယုတ်မာစွာ ခုချိန်ထိ ကယ်ဆယ်ရေးပစ္စည်းများ အများအပြားပါဝင်သည့် မြန်မာပြည်သူတို့ကို အလျှင်အမြန် အကူအညီပေးနိုင်မည့် ထို စစ်လေယာဉ် စစ်သဘောင်္များကို ၀င်ခွင့်မပြုပေ ။ ယူအန် ၊ အာစီယံ ၊ အမေရိကန် ၊ အင်္ဂလန် စသော နိုင်ငံကြီးများသည် ရွှေဝါရောင် တော်လှန်ရေးတုန်းကလည်း နအဖ အပေါင်းပါများ၏ လုပ်ရပ်များကို ပြစ်တင်ရှုံ့ ချခဲ့ယုံမှလွဲ၍ ဘာမှ မလုပ်ခဲ့ ။ ဂန်ဘာရီ၏ ခရီးစဉ်များသည် အခေါက်ခေါက် အရေအတွက်သာ ရှိခဲ့ပြီး ဘာမှ အကျိုးမထူးခဲ့ ။ ယူအန်မှ သူတို့၏ ပါဝင်မှုလုပ်ငန်း မအောင်မြင်ခဲ့ဟု ထုတ်ဖော်ပြောကြားခဲ့ပြီး ၊ မြန်မာပြည်မှ သေဆုံးရသော ရဟန်းပြည်သူတို့အကြောင်း မေ့လျော့သွားခဲ့ကြသည် ။ အချိန်တွေကြာလာသည်နှင့်အမျှ မြန်မာပြည်သူတို့၏ ဆင်းရဲနွမ်းပါးလှသော ဘ၀များအကြောင်း ၊ ဖိနှိပ်ချုပ်ချယ်ခံရခြင်းများအကြောင်း ကမ္ဘာ့ သတင်းများတွင် မှေးမှိန်ပျောက်ကွယ်သွားခဲ့သည် ။ ယခုတဖန်လည်း နိုင်ငံခြားကယ်ဆယ်ရေးဝန်ထမ်းများ အားလုံးကို ပေးဝင်ပါမည်ဟူသော စကားတခွန်းနှင့် ဘန်ကီမွန်း မြန်မာပြည်မှ ပြန်ထွက်တော့မည်လား ။ နအဖ လိုက်ပြသော ဒီလိုမေးရင် ဒီလိုဖြေဟု ဟန်လုပ်ပြဖို့ ချိန်းခြောက်ခံထားရသော ဒုက္ခသည် တချို့ တလေကို တွေ့ ဆုံပြီး ဘန်ကီမွန်းမြန်မာပြည်ကို နောက်တခါ ကျောခိုင်းဦးမည်လား ။ ဘန်ကီမွန်း၏ ထုတ်ပြန်ကြေငြာချက်တွင် ဤသို့ ပြောခဲ့သည် - “I came here to give the people of Myanmar a message of hope that the world is watching, and that the world is with you.” ဟုတ်ပါသည် - သူပြောသလို ကမ္ဘာသည် မြန်မာနိုင်ငံအား အမြဲလို စောင့်ကြည့်နေရုံမှတပါး ဘာမှ မလုပ်ခဲ့ ။ သူပြောသလို ကမ္ဘာသည် မြန်မာပြည်သူတို့အား အဝေးမှ အားပေးစကားများ ပြောကြားရုံမှလွဲ၍ ဘာမှ မလုပ်ခဲ့ ။ အနှစ်နှစ်ဆယ်နီးပါး ကြာမြင့်ခဲ့ပြီ ။ တကယ်တော့ ကမ္ဘာသည် မြန်မာနိုင်ငံအတွက် မျှော်လင့်ချက်ပါသော စကားလုံးများ ပေးရုံမှလွဲ၍ ဘာဆို ဘာမှ မလုပ်ခဲ့ချေ ။သို့ပါသော်ကြောင့် ခုချိန်မှစ၍ ကျွန်တော်တို့ ကိုယ်ပိုင်အသိစိတ်ဓါတ်နှင့် အမိမြန်မာနိင်ငံအား နွံထဲမှ ကယ်ဆယ်ရန် ကိုယ့်အားကိုယ်ကိုး၍သာ လုပ်ရတော့မည်ဟူသော ယတိပြတ်ခံယူချက်များသာ ကျွန်တော်တို့တွက် မျှော်လင့်ချက်ရောင်ခြည်များအဖြစ် ကျန်ရှိနိုင်တော့မည် ဟု ကောက်ချက်ချလိုက်မိပါတော့သည် ။

မိုးမခနဲ့ စကားလက်ဆုံ - ဇာဂနာ

.. ဟုတ်တယ်။ မျိုးချစ်စိတ်ရှိတဲ့လူတွေ အားလုံးကတော့ ရှိတဲ့တနိုင်တပိုင်နဲ့ ထလာပြီး လုပ်ကြတာပဲ။ စွပ်ကျယ်နဲ့ ထလာတဲ့သူက စွပ်ကျယ်ချွတ်ပြီး ကူတာပဲ။ လှူတာပဲ။ ဘာမှ လျောက်ပြောမနေဘူး။


..

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်မှ ပြန်လွှတ်ပေးလိုက်သည် ဟူသော ကောလာဟလ

.. ချင်းမိုင်။ ။ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်မှ ပြန်လွှတ်ပေးလိုက်သည် ဟူသော ကောလာဟလသည် ရန်ကုန်မြို့တွင် ယနေ့ ပျံ့နှံ့နေသည်။အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဦးဥာဏ်ဝင်းက “ကျနော်တို့လည်း ကြားပါတယ်။ Rumor အနေနဲ့ပါ။ သေချာတာ ဘာတခုမှ မရှိသေးပါဘူး” ဟု မဇ္ဈိမသို့ ပြောသည်။ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် အကျယ်ချုပ် သက်တမ်းပြည့်သော အချိန်နှင့် တိုက်ဆိုင် ထွက်ပေါ်လာသော ကောလာဟလနှင့် ပတ်သက်၍ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။ မဇ္ဈိမအနေဖြင့် ဆက်လက် စုံစမ်းဆဲ ဖြစ်သည်။-----ရန်ကုန်မှ သတင်း ရပ်ကွက်တခု၏ အဆိုအရ ဧရာဝတီတိုင်း အတွင်းမှ လေဘေး ဒုက္ခသည်များကို သွားရောက် ကြည့်ရူရန် ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့ နံနက်ပိုင်းတွင် နေအိမ်မှ လာရောက် ခေါ်ဆောင်သွားသည်ဟု ပြောသည်။သို့သော် သံတမန် သတင်း ရပ်ကွက်တခုက အထက်ပါ သတင်းကို သတင်းမှား ဖြစ်သည်ဟု ဆိုလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အင်းလျားကန်စောင်းရှိ နေအိမ်တွင် တွေ့ခဲ့ရသည်ဟု ဆိုသည်။ဧရာဝတီတိုင်း လပွတ္တာမှ ဒေသခံများကလည်း ဒေါ်အောင်ဆန်းစုကြည်ကို မျက်မြင် မတွေ့ရသေးသလို လာရောက်မည် ဆိုသော သတင်းကို လည်း မကြားရသေးဟု မဇ္ဈိမသို့ ဆက်သွယ် ပြောဆိုသည်။ဤအတောအတွင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအမျိုးသမီး အဖွဲ့ဝင် တချို့သည် ဧရာဝတီတိုင်းသို့ ကယ်ဆယ်ရေး လုပ်ငန်းများအတွက် သွားရောက်နေကြသည်ဟု သိရသည်။အန်အယ်ဒီ ဗဟိုလူငယ်ပြန်ကြားရေးမှ ကိုနေခြည်ဝင်းက “အဖွဲ့ချုပ်က ဗဟိုအမျိုးသမီး အဖွဲ့ကတော့ လပွတ္တာဖက်ကို သွားတာတော့ ဟုတ်တယ်။ အန်တီပါ၊ မပါတော့ မသေချာဘူး” ဟု ပြောသည်။ရန်ကုန်မြို့တွင် နေထိုင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရှေ့နေကြီး ဦးအောင်သိန်းက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးလိုက်သည် ဟူသော သတင်းကိုပင် အတည် မပြုနိုင်သေးဟု ပြောသည်။အန်အယ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းကလည်း “အခုက ဒီလိုပဲ အရပ်ထဲမှာ သတင်းတွေ ထွက်နေတယ်။ အန်ကယ်တို့ အနေနဲ့ကတော့ ဘာမှ မသိရသေးဘူး။ ဒေါ်စုနဲ့ အဖွဲ့ချုပ်နဲ့လည်း ခုထိ အဆက်အသွယ် မရသေးဘူး။ အဲဒီတော့ ဒါကို အတည်မပြုနိုင်သေးဘူး။ အခုက ဒေါ်စု လပွတ္တာအထိတောင် ရောက်သွားတယ် ပြောနေကြတယ်။ သူအကျယ်ချုပ်က လွတ်မှာက မေလ ၂၇ ရက်မှပါ။ ဒီလို သတင်းထွက်တာနဲ့ ပတ်သတ်လို့ အန်ကယ့်အမြင်ကတော့ ဒီနေ့ မဲဆန္ဒ ခံယူနေတော့ လူထုကို အာရုံပြောင်းအောင်များ လုပ်နေတာလားလို့လေ” ဟု ပြောသည်။

Indiana Jones movie upsets communists

.. MOSCOW, Russia (AP) -- Members of Russia's Communist Party are calling for a nationwide boycott of the new Indiana Jones movie, saying it aims to undermine communist ideology and distort history.


"Indiana Jones and the Kingdom of the Crystal Skull" stars Harrison Ford as an archaeologist in 1957 competing with an evil KGB agent, played by Cate Blanchett, to find a skull endowed with mystic powers.
It hit Russian screens Thursday.

Communist Party members in St. Petersburg said on a web site this week that the Soviet Union in 1957 "did not send terrorists to the States," but launched a satellite, "which evoked the admiration of the whole world."
Moscow Communist lawmaker Andrei Andreyev said Saturday "it is very disturbing if talented directors want to provoke a new Cold War." ..

U.S. aid lands in Myanmar

May 24, 2008

ကျောင်း တက်ချိန်

.. ကျောင်း တက်ချိန်

ကိုရွှေမိုးစ ဖွဲဖွဲကျလျှင်


ကျွန်တော့် ညီမကျောင်းအပ်ရမည် ။

စား ဖို့မပါ
ထီး ဗလာနှင့်

ကားဂိတ် က ဆင်း ကျောင်းရှေ့နင်း တော့ ၊

ဆရာ ကြီး မျက်လုံး ပီတိ ဖုံးလင့်

ဟဲ့.......ကွန်ပျူတာ တစ်လုံး

ငါ့ လှူ အုံး တဲ့ ဗျာ:....။

ယောနသံ..

May 23, 2008

ဓါးတရား

..
ဒို့ သွေး ဒို့သား
သွေးချင်းများနဲ့
ဒို့ဘုရားလည်း
ပျောက်ကွယ်ဆိတ်သုန်း အမှောင်ဖုံးပြ
မျက်ရည်ကိုသုတ် ဓါးကို ထုတ်
ယုတ်မာသူကို သုတ်သင်လော့...
ကိုမွှေး
..

Burma 'to let in all aid workers'

.. Burma's top leader has agreed to let all foreign aid workers into the country for relief work in cyclone-hit areas, UN head Ban Ki-moon has said.
Mr Ban announced the news after talks in Burma's remote capital, Naypyidaw, with Gen Than Shwe.
Burma's military leaders had previously refused to allow a full-scale relief effort by foreign aid workers, and claimed everything was under control.
About 78,000 people died and 56,000 are missing after the 2 May cyclone.
Mr Ban said he thought Gen Than's decision was a breakthrough.
"I had a very good meeting with the senior general and particularly on these aid workers," he said.
"He's taken quite a flexible position on this matter."
'Show camp'
Gen Than also agreed to allow Rangoon airport to be used as an international hub for aid distribution, Mr Ban said.
It is not clear exactly whether he has agreed to give visas to foreign aid workers or let them into the Irrawaddy Delta to deliver aid.

The offer also does not specify whether both civilian and military aid workers are included, and whether US helicopters stationed off the coast can become involved.
The BBC's Jonathan Head in Bangkok, Thailand, says Burma has a record of making promises to the UN, only to withdraw them later.
The senior leader had until recently failed to respond to the secretary general's letters and phone calls.
On Thursday, Mr Ban flew over flooded rice fields and destroyed villages and visited a government relief camp in the Irrawaddy delta.
A UN official privately called it a "show camp", says the BBC's Laura Trevelyan, in Burma with the secretary general.
Mr Ban said he was "very upset" by the devastation he saw, adding that the international community stood ready to overcome the tragedy.
'Too little too late'
Western governments have backed Mr Ban's visit, calling for pressure on Burma's leadership to do more to help the cyclone victims.

UK Foreign Secretary David Milliband told the BBC: "The tragedy is that, for some people it is already too late, and it is certainly too little compared to the needs, but we have got to use the opportunity that exists.
"We've got to keep pushing that door open and working to ensure that those desperate people get the help that they need."
US Secretary of State Condoleezza Rice said the responsibility for the situation lay with the Burmese government.
"It's a quite unusual situation actually that you have a country in this desperate straits with its population in the circumstances that this population is in - and you get a kind of stone cold face about people who just want help," she told the BBC.
The UN estimates that only a quarter of the 2.5 million Burmese affected by the cyclone have received the help they need.
The Red Cross has said that in districts further south-west of those shown to Mr Ban, waterways were still clogged with corpses and that many people had received no aid.
One foreign doctor told the BBC many were drinking water from puddles, while children and old people were suffering from dysentery, dengue fever and dehydration. ..