.. ချင်းမိုင်။ ။ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်မှ ပြန်လွှတ်ပေးလိုက်သည် ဟူသော ကောလာဟလသည် ရန်ကုန်မြို့တွင် ယနေ့ ပျံ့နှံ့နေသည်။အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဦးဥာဏ်ဝင်းက “ကျနော်တို့လည်း ကြားပါတယ်။ Rumor အနေနဲ့ပါ။ သေချာတာ ဘာတခုမှ မရှိသေးပါဘူး” ဟု မဇ္ဈိမသို့ ပြောသည်။ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် အကျယ်ချုပ် သက်တမ်းပြည့်သော အချိန်နှင့် တိုက်ဆိုင် ထွက်ပေါ်လာသော ကောလာဟလနှင့် ပတ်သက်၍ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။ မဇ္ဈိမအနေဖြင့် ဆက်လက် စုံစမ်းဆဲ ဖြစ်သည်။-----ရန်ကုန်မှ သတင်း ရပ်ကွက်တခု၏ အဆိုအရ ဧရာဝတီတိုင်း အတွင်းမှ လေဘေး ဒုက္ခသည်များကို သွားရောက် ကြည့်ရူရန် ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့ နံနက်ပိုင်းတွင် နေအိမ်မှ လာရောက် ခေါ်ဆောင်သွားသည်ဟု ပြောသည်။သို့သော် သံတမန် သတင်း ရပ်ကွက်တခုက အထက်ပါ သတင်းကို သတင်းမှား ဖြစ်သည်ဟု ဆိုလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အင်းလျားကန်စောင်းရှိ နေအိမ်တွင် တွေ့ခဲ့ရသည်ဟု ဆိုသည်။ဧရာဝတီတိုင်း လပွတ္တာမှ ဒေသခံများကလည်း ဒေါ်အောင်ဆန်းစုကြည်ကို မျက်မြင် မတွေ့ရသေးသလို လာရောက်မည် ဆိုသော သတင်းကို လည်း မကြားရသေးဟု မဇ္ဈိမသို့ ဆက်သွယ် ပြောဆိုသည်။ဤအတောအတွင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအမျိုးသမီး အဖွဲ့ဝင် တချို့သည် ဧရာဝတီတိုင်းသို့ ကယ်ဆယ်ရေး လုပ်ငန်းများအတွက် သွားရောက်နေကြသည်ဟု သိရသည်။အန်အယ်ဒီ ဗဟိုလူငယ်ပြန်ကြားရေးမှ ကိုနေခြည်ဝင်းက “အဖွဲ့ချုပ်က ဗဟိုအမျိုးသမီး အဖွဲ့ကတော့ လပွတ္တာဖက်ကို သွားတာတော့ ဟုတ်တယ်။ အန်တီပါ၊ မပါတော့ မသေချာဘူး” ဟု ပြောသည်။ရန်ကုန်မြို့တွင် နေထိုင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရှေ့နေကြီး ဦးအောင်သိန်းက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးလိုက်သည် ဟူသော သတင်းကိုပင် အတည် မပြုနိုင်သေးဟု ပြောသည်။အန်အယ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းကလည်း “အခုက ဒီလိုပဲ အရပ်ထဲမှာ သတင်းတွေ ထွက်နေတယ်။ အန်ကယ်တို့ အနေနဲ့ကတော့ ဘာမှ မသိရသေးဘူး။ ဒေါ်စုနဲ့ အဖွဲ့ချုပ်နဲ့လည်း ခုထိ အဆက်အသွယ် မရသေးဘူး။ အဲဒီတော့ ဒါကို အတည်မပြုနိုင်သေးဘူး။ အခုက ဒေါ်စု လပွတ္တာအထိတောင် ရောက်သွားတယ် ပြောနေကြတယ်။ သူအကျယ်ချုပ်က လွတ်မှာက မေလ ၂၇ ရက်မှပါ။ ဒီလို သတင်းထွက်တာနဲ့ ပတ်သတ်လို့ အန်ကယ့်အမြင်ကတော့ ဒီနေ့ မဲဆန္ဒ ခံယူနေတော့ လူထုကို အာရုံပြောင်းအောင်များ လုပ်နေတာလားလို့လေ” ဟု ပြောသည်။
Home / featured /
news
/ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်မှ ပြန်လွှတ်ပေးလိုက်သည် ဟူသော ကောလာဟလ
- Blogger Comment
- Facebook Comment
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment