ဗိုလ်ချုပ်အောင်ဆန်းဇာတ်ညွှန်း(၅)
Labels: ရုပ်ရှင်ဇာတ်ညွှန်း
အချိန်။၁၉၃၄ ခုနှစ် နိုဝင်ဘာ လနေရာ။တက္ကသိုလ်ကျောင်းသား သမဂ္ဂ နှင့် အဓိပတိလမ်းတ က သ ရွေးကောက်ပွဲ ဟူသော ဆိုင်းဘုတ်ထိုမှတဆင့် ပျားပန်းခတ် ၀င်ထွက်နေကြသော ကျောင်းသားများခန်းမ ထိပ်ဖက်ဆုံးတွင် မဲပုံးများထောငိထားကျောင်းသားတချို့ စကားပြောနေကျောင်းသားတချို့ မဲထဲ့နေကျောင်းသားတချို့မဲစာရင်းသွင်းနေကိုဖိုးအေး ကိုကျော်ထွန်းတို့အဖွဲ့ စားပွဲတစ်လုံးတွင် စု ထိုင် ကာ စကားပြောနေကြ(၀တ်စားထားပုံမှာ မင်းသားရှုံးလောက်စေ။ပိုးတိုက်ပုံ ဘန်ကောက်ပုဆိုး ဆံပင် ကို ခွဲကြောင်းညီညီ ခွဲထားစေ)ကျောင်းသား(၁)။ကိုကြီးဖိုးအေးတို့ပဲ နိုင်မှာပါ ည ကျရင် အဆောင်မှာ အောင်ပွဲနော်ကိုဖိုးအေး။အေးပါကွာကျော်ထွန်း။ဟို မီးတုတ်တွေလဲ တော်တော် လှုပ်ရှားတယ်နော်ကျော်ထွန်း မေးငေါ့ပြရာသို့ အားလုံး လိုက်ကြည့်ကြအောင်ဆနး ကျော် ငြိမ်း သိန်းဖေ သီဟန် တို့ ခေါင်းချင်းဆိုင်ကာ စကားပြောနေကိုဖိုးအေး။စာရင်းမရှိပါဖူးကွာ ဟို သိန်းဖေ ဆိုတဲ့ကောင်ကတော့လည်တယ် နဲနဲ သတိထားရမယ် အညာသားမှုန်ကုပ်ကုပ်ကတော့ ငကြောင်ရယ်ကျော်ထွန်း။နယူးဘားမားမှာ လက်ထောက်အယ်ဒိတာ လုပ်နေတဲ့ကိုအောင်သန်းရဲ့ညီ အောင်ဆန်းလေကျောင်းသား(၂)။ဘ၀င်မြင့်နေတာလား ဦးနှောက်ရေချိန်မကိုက်တာလား တစ်ခုခုတော့တစ်ခုခုပဲ လမ်းမှာတွေ့ရက်နဲ့နှုတ်ဆက်ချင်မှ နှုတ်ဆက်တာ။တစ်ခါက ကျွန်တော်က ထမင်းစားပြီးပြီလားလို့မေးတော့ စိန်းစိန်းကြီးကြည့်ပြီး ဘာမှပြန်မပြောပဲ လှည့်ထွင်သွားတာကိုဖိုးအေး။စည်းရုံးရေး ကောင်းတဲ့ သဘောပေါ့ကွာ ဟားဟားဟားဟားအားလုံး တ၀ါးဝါး ရိလိုက်ကြထိုရီသံ ကျော် ငြိမ်းတို့ စကားဝိုင်းထိရောက်လာ။ကျော်ငြိမ်း။သိန်းဖေ မင့် အလိုတော်ရိတွေ သိတ်မြူးနေတယ်နော်သိန်းဖေ။သူတို့နိုင်ဖို့ သေချာနေပြီကိုးအောင်ဆန်း။ပြန်မယ်သိန်းဖေ။ဟာ နေဦးလေ မဲတွေရေလို့မှ မပြီးသေးပဲ။ဘယ်သူတွေ အရွေးခံရတယ် ဆိုတာ ကြေညာ ပြီးမှ ပြန်လေအောင်ဆန်း။မင်းတို့နားထောင်ထားလဲပြီးတာပဲ ငါ စာသွားဖတ်တော့မယ်ပြောပြောဆိုဆို အောင်ဆန်း လှည့်ထွက်သွားကျော်ငြိမ်း(ခနဲ့တဲ့တဲ့ပြုံးရင်း)ဟင်း ဟင်း သိန်းဖေ တို့ စည်းရုံးရေး ကတော့ တယ်ကောင်း ကွာသိန်းဖေ။မဆိုင်ဖူးလေ ဒါ သူ့စရိုက်ပဲဟာစီစဉ်သူ(အော်ပြီးပြော)ကိုင်း အားလုံး မဲ ရေတွက်မယ် ရှေ့ကို လာခဲ့ကြပါကျောင်းသားအားလုံး စားပွဲနားသို့ကပ်လာကြအဓိပတိလမ်းအတိုင်းလျောက်လာသော အောင်ဆန်း။ထွန်းအုံ။ဟေ့ ကိုအောင်ဆန်း ရွေးကောက်ပွဲ ပြီး သွားပြီလားအောင်ဆန်း။မဲကြေညာနေပြီထွန်းအုံ။ခင်ဗျားတို့အဖွဲံ ရွေးကောက်ပွဲ ၀င်တယ် မဟုတ်လား နိုင်သလားအောင်ဆန်း။ရှုံးတယ် အဲ အဲ ရှုံးမှာသေချာတယ် ခင်ဗျား ဘယ်သူ့ကို မဲ ထည့်လဲထွန်းအုံ။ဟဲဟဲ ပြောရမှာတော့ အားနာပါတယ်ဗျာ ခင်ဗျားကို ကျွန်တော် မဲ မထဲ့ခဲ့ဖူးဗျအောင်ဆန်း။ဟားဟား ကောင်းတယ် မဲ တန်ဖိုး ဆိုတာ ဒီလို ထားမှပေါ့ဗျာ ကောင်းတယ်နောက်မှ အေးအေးဆေးဆေး စကားလာပြောဦးမယ်ပြောပြောဆိုဆို အောင်ဆန်းထွက်သွားထွန်းအုံ ကြောင်ပြီး ကျန်ရစ်ထွန်းအုံ။(တစ်ယောက်ထဲရေရွတ်ပြီးပြော)သူ့ကို မဲမထည့်တာများပျော်သွားသလားမသိ ရူးများနေလားထွန်းအုံခေါင်းကုတ်ပြီး အဆောင်ဖက်လှည့်ထွက်
- Blogger Comment
- Facebook Comment
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment